ဖျာပုံမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် စာစီစာကုံး ပြိုင်ပွဲကျင်းပပြုလုပ်

ဖျာပုံ နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လယ်ပိုင်း အချိန်က ဖျာပုံခရိုင်လူထု အခြေပြုဗဟိုဌာန CommunityCentre ခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောရာတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေး ကကျောင်းသား၊ ကျောင်းသူလေးများ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ မျိုးချစ်စိတ်ကို မမေ့မလျော့ကြစေရန်နှင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်များ ရင်ထဲတွင် ထာဝစဉ်ကိန်းအောင်းနေစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း အသိပညာပေးဟောပြောသည်။
ထို့နောက်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံး ပြိုင်ပွဲကို ကျင်းပရာအ​​ခြေခံပညာ မူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ကလေးများက ပါဝင်ယှဉ်ပြိုင်ကြရာ ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား၊ ကျောင်းသူကလေးများအား ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီးရုံးတွင် အသိပညာပေးနံရံကပ် စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲ ပြသဆောင်ရွက်ကြရာ ကျောင်းသား၊ ကျောင်းသူကလေးများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်