အမာ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဗန္ဓာပင်ကျေးရွာ၌ ယနေ့ နံနက် (၂)နာရီခွဲအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေများ မြင့်တက်လာခြင်းကြောင့် လူနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဗန္ဓာပင်ကျေးရွာတွင် ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း လူနေအိမ် (၁)လုံး ပြိုကျ ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဘိုးငွေ (၃)သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်းနှင့် လေပြင်းတိုက်ခတ်မှု ကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
သဘာဝဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်စု(၁)စုတွင် လူဦးရေ ကျား(၂)ဦး၊ မ(၂) ဦး၊ ပေါင်း(၄) ဦးတို့မှာ ၎င်းတို့၏ ဆွေမျိုးများထံတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
နော်လေး(အမာ)