ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

ဟင်္သာတ စက်တင်ဘာ ၂၀

ဟင်္သာတမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယ အကြိမ် ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် တာဝန်ရှိသူများက သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်‌ ရေးမှူးနှင့် ကော်မတီများထံ ထုတ်ပေးကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀/)နှုန်းဖြင့် အိမ်ထောင်စုပေါင်း ၄၁၈၉၀ အတွက် စုစုပေါင်းငွေကျပ် (၈၃၇၈၀၀၀၀၀/)အား အခြေခံလူတန်းစားများ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့နိုင်ရေးအတွက် မြို့နယ်အ‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်၊ တိုက်နယ်၊ ကျေးရွာအုပ်စုအလိုက် ကြီးကြပ်ထုတ်ပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)