အောင်လံမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

အောင်လံ နိုဝင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအားပြောကြားပြီး ပညာရေး(ငြိမ်း) ဆရာကြီးဦးသန်းထွန်းက ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများသိသင့်သိထိုက်သည့် စည်းမျဉ်း၊ စည်းကမ်းများကို ပြောကြားကာ အောင်လံမြို့နယ်အတွင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၃)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို မွန်းလွဲပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)