စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ သူများအား Booster Dose ထိုးနှံပေး

စလင်း နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်  ၁၂ အထက် ကျောင်းသား၊ ကျောင်းသူများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးဆရာ ဆရာမများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရာတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအားBooster Dose ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ထိုးနှံခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၆၈၀ ဦး နိုဝင်ဘာ ၁၄ ရက်နေ့တွင် ၁၈၃၀ ဦး ထိုးနှံပြီးစီးခဲ့သည်၊၊ ကာကွယ်ဆေးပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

စလင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းနိုင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဌာနမှကျန်းမာရေးမှူးများနှင့် ဆရာ၊ ဆရာမများက စလင်းမြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ စလင်းမြို့နယ်အတွင်း ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၇၉၈၆ ဦးထိုးနှံပြီးစီးကြောင်းနှင့် ကျောင်းသား/ သူများနှင့် ပြည်သူလူထုအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

မောင်လွင်(စလင်း)