ဝါးခယ်မ နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပညာရေးဦးစီးဌာနမှကြီးမှူး ကျင်းပသော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုစာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများကို အထက်တန်းနှင့် အလယ်တန်း၊ မူလတန်းအဆင့်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုစာစီစာကုံးပြိုင်ပွဲကို အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုကဗျာပြိုင်ပွဲကို အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုကျပန်းစကားပြောပြိုင်ပွဲကို အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၀) ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် ၂၀၂၂ ခုနှစ်၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း