ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး  Talk Show ကျင်းပ

ဟင်္သာတ နိုဝင်ဘာ ၁၅

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေး   Talk Show ဆွေးနွေးပွဲကို  ယနေ့ မွန်းလွဲ ၁ နာရီက   ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ဆက်ဦးစီးဌာန  မှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက  Talk Show  ဆွေးနွေပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး  ဟင်္သာတမြို့နယ် စားသုံးသူရေးရာ ဦးစီးမှူး ဦးမိုးကျော်က မိမိတို့ဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ကုန်စည်နှင့် ဝန်ဆောင်မူများကို တိုက်ရိုက်သုံးစွဲသူ ပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားအတွက်  စားသုံးသူများ ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊ သိရှိသင့်သည့် အချက်အလက်များ၊ ကုန်စည်နှင့်စပ်လျဥ်း၍  အာမခံ ပေးထားမှုအပေါ်  စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ စသည့် အကြောင်းအရာ များနှင့် ပတ်သက်၍ ပြည်သူများ သိရှိစေရန် အသိပညာပေး  ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။         

 ကိုဇော် - ဟင်္သာတ