ညောင်​လေးပင်မြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

ညောင်လေးပင် နိုဝင်ဘာ ၁၅

ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနနှင့်ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများပြုလုပ်ခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တောင်စက်ရုံလမ်း၌ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးမှအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက လူငယ်နှင့်ရည်မှန်းချက်၊ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ များကို ပညာပေးဟောပြောခဲ့သည်။ စားသုံးသူရေးရာဦးစီးဌာန ဒုတိယဉီးစီးမှူး ဒေါ်ယဉ်ယဉ်ထွေးက စားသုံးသူဆိုင်ရာ အခွင့်အရေးများအား အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စိတ်ဝင်စားဖွယ် ကလေးစာပေစာအုပ်များကို လေ့လာဖတ်ရှုစေပြီး ကွမ်းစားသုံးမှု အန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်‌ရေး အသိပညာပေး နံရံကပ်စာ‌စောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်၀င်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)