ဘားအံမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

ဘားအံ နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို  အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်  စာအုပ်စာစောင်ပြပွဲကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် Community Centre ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ၊ အမျိုးသားနေ့မှသည် အစဉ်နိုးကြားသော အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ရေး၊ (၁၀၂)နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ ဦးတည်ချက်များ၊ မြန်မာ့ဇာတိမာန်အကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်နိုးကြားထက်သန်ရေး စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက်  ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် (၁၀၂) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ခင်းကျင်းပြသထားသည့် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို  ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)