ကလေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဓာတ်ပုံနှင့်နံရံကပ်စာစောင်များပြသ

ကလေးဝ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ရုံးရှေ့၌ ပြုလုပ်ခဲ့သည်။

အဆိုပါ (၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဓာတ်ပုံနှင့် နံရံကပ်စာစောင်များတွင် ၂၀၂၂ ခုနှစ်၊ (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ဆောင်ပုဒ်များ၊ ကဗျာများ၊ ပိုစတာနှင့် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများကို ပြသထားရာ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လာရောက် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)