ဝါးခယ်မ နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်မှ ယခုလိုအထိမ်းအမှတ်ပွဲများ၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်ကလေးများကို အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့်အကြောင်းအရာများအား ပြောဟောခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများပြုလုပ် ပေးရာတွင် ပြိုင်ပွဲဝင်ကလေးများမှ စိတ်ဝင်တစားဝင်ရောက်ယှဉ်ပြိုက်လျက်ရှိရာ ဆုရရှိသူများကို ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်မှ ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)