ကန့်ဘလူ နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆရ်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကန့်ဘလူမြို့ အမှတ်(၂)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ကလေးအလုပ်သမားနှင့် ပတ်သက်၍ ပြောကြားရာတွင် ကလေးအလုပ် သမားဆိုသည် ၎င်း၏ ကလေးဘဝ ရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေပြီး ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုးကို လုပ်ကိုင်နေရသူကိုဆိုလိုကြောင်း စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးပြောကြားပြီး ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးသန္တာအောင်က စွန့်ပစ် ပစ္စည်းများ စနစ်တကျစွန့်ပစ်စေရေးနှင့် စပ်လျဉ်းပြီး သန့်ရှင်းစိမ်းလန်းသော အနာဂတ်ဖြစ်စေဖို့၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုကို တစ်ထောင့်တစ်နေရာမှ ထိန်းသိမ်းကာကွယ်ဖို့၊ သက်ရှိများ၏ ဂေဟစနစ်များနှင့် လူတို့၏ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်စေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ် စာစောင်များကို ကျောင်းသူ၊ ကျောင်းသားများက စိတ်ပါဝင်းစားစွာ လေ့လာကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)