မြင်းမူမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ၊ ပုံပြော ပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်ပ

မြင်းမူ နိုဝင်ဘာလ ၁၅

မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက မြင်းမူမြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် အမျိုးသားနေ့ တို့မမေ့ ခေါင်စဉ်ဖြင့် လည်းကောင်း၊ ပုံပြောပြိုင်ပွဲတွင် မိမိတို့စိတ်ကြိုက် ခေါင်းစဉ်များဖြင့် လည်းကောင်း ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြင့်ခဲ့ပြီး၊ မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း

စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်