လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲနှင့် စာပေပြိုင်ပွဲများ ပြုလုပ်

လိပ်သို နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၊ သဇင်ဆောင်ခန်းမတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က (၁၀၂) မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲတစ်ရပ် ပြုလုပ်ခဲ့ရာ ဆရာ/ဆရာများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဂျိုဝါးနာက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ ကျောင်းသားကျောင်းသူများ မျိုးချစ်စိတ်ဓာတ်ရှင်သန် ကြီးထွားရန်၊ အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းရန်နှင့် အမျိုးသားနေ့နှင့် ပတ်သက်သည့် မှတ်သားဖွယ်ရာများအား ပြောကြားပေးခဲ့ကြောင်း သိရသည်။

အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအနေနှင့် “လူငယ်နှင့်အမျိုးသားရေးတာဝန်”ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ “အမျိုးသားနေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ “အမျိုးသားဂုဏ်ရောင်လတန်ဆောင်” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲ၊ “အမျိုးသားအောင်ပွဲဒို့ဆင်နွှဲ” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲ စသည့် စာပေပြိုင်ပွဲများ ပြုလုပ်ခဲ့ပြီး လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း အမျိုးသားနေ့နှင့် သက်ဆိုင်သော အသိ ပညာပေး နံရံကပ်စာစောင်များကို ပူးပေါင်းပါဝင်ပြသခဲ့ကြောင်း သိရသည်။

စောဝေါ်ကွောထူး(ရုပ်/သံ-၃)