သရက်ချောင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

သရက်ချောင်း  နိုဝင်ဘာ  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို သရက်ချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများနှင့် ယမန်နေ့က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအနေဖြင့် စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်/စာစောင်များ စနစ်တကျ ဖတ်ရှုငှားရမ်းရန်၊ စာဖတ်ခြင်းဖြင့် မသိနားမလည်သော ပညာဗဟုသုတရရှိပုံ၊ စာဖတ်တဲ့သူနှင့် စာမဖတ်သူအသိပညာကြွယ်ဝမှု မတူညီကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး ကျောင်းသား/သူများ၏ ဉာဏ စွမ်းရည်မြင့်မားလာစေရန် ဉာဏ်စမ်းပြိုင်ပွဲများနှင့် စကားပုံဆက်ပြိုင်ပွဲများကို ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများအား (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

သားကြီး(သရက်ချောင်း)