ရွှေဘို နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကိုယနေ့ နံနက် (၁၀)နာရီချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်ပြိုင်ပွဲ၌ “အမျိုးသားအောင်ပွဲနေ့ သမိုင်းပေးတာဝန်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့်ပြိုင်ပွဲ၌ “အမျိုးသားအောင်ပွဲတို့ဆင်နွဲ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မူလတန်းအဆင့်ပြိုင်ပွဲ၌ “အမျိုးသားအောင်ပွဲနေ့တို့မမေ့” ခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပခဲ့သည်။
ထို့အတူ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်ပြိုင်ပွဲ၌ “အမျိုးသားအောင်ပွဲနေ့ သမိုင်းပေးတာဝန်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့်ပြိုင်ပွဲ၌ “အမျိုးသားအောင်ပွဲတို့ဆင်နွှဲ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မူလတန်းအဆင့်ပြိုင်ပွဲ၌ “အမျိုးသားနေ့တို့မမေ့ ” ခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပခဲ့သည်။
ပြိုင်ပွဲများတွင် အထက်တန်းအဆင့်၌ ကျောင်းသား/သူ (၃၂)ဦး၊ အလယ်တန်းအဆင့်၌ ကျောင်းသား/သူ (၂၅)ဦး၊ မူလတန်းအဆင့်၌ ကျောင်းသား/သူ (၁၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ကျောင်းသား/သူများ ယှဉ်ပြိုင်နေမှုများကို ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ ၊မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်စိုးနှင့် ကျောင်းအုပ်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/သူများအား (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)