မြို့သစ်တွင် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မြို့သစ်  နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ၊ အသိပညာဗဟုသုတများရရှိစေရန် နေ့ထူး/နေ့မြတ်များသိရှိစေရန် ရည်ရွယ်၍(၁၀၂) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ လေးများနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများအား မြို့သစ်မြို့နယ် ပြန်/ဆက်ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေပြီးလက်ကမ်းစာစောင်တွင် ၂၀၂၂ခုနှစ်၊ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ သူ့ကျွန်မခံအမျိုးသားအားမာန်၊ နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စို့၊ အမျိုးသားရေးအားမာန်၊ လူငယ်တွေရဲ့ခေတ်၊ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်ရှိရန် အထူးလိုအပ်၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ် မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)