ကမမောင်းမြို့၌ တစ်ပိုင်တစ်နိုင် ကန်စွန်းရွက်ပင်များစိုက်ပျိုး၍ တောင်သူများ မိသားစု အပိုဝင်ငွေရရှိ

ကမမောင်း နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဒေသခံတောင်သူများက မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး မိသားစုစားဝတ်နေရေးအတွက်  အပိုဝင်ငွေရရှိအောင် စားဖိုဆောင် ဟင်းသီးဟင်းရွက်များဖြစ်သည့် ကန်စွန်းရွက်ပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုး လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူ များထံမှသိရသည်။

ကမမောင်းမြို့၌ တောင်သူများသည် မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် မြေအောက်ရေကို အသုံးပြုပြီး စိုက်ပျိုရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ် ဟင်းသီးဟင်းရွက်များကိုလည်း     စိုက်ပျိုးကြကြောင်း သိရသည်။

လက်ရှိမှာ ကန်စွန်းရွက်တစ်စီးလျှင် ငွေကျပ်၂၀၀ ခန့်ရောင်းချပြီး ဖောက်သည်စျေးမှာ (၆) စီးလျှင် ငွေကျပ် (၁၀၀၀) အထိ ရောင်းချနေရခြင်းကြောင့် နေ့စဉ်မိသားစုအပိုဝင်ငွေရရှိပြီး စီးပွားရေးလည်း တွက်ခြေကိုက်သည်ဟု ဟင်းသီးဟင်းရွက် သီးနှံစိုက်ပျိုးသည့် ဒေသခ ံတောင်သူတစ်ဦးထံမှ သိရသည်။

တင်တင်လှ (ပြန်/ဆက်)