လိပ်သို နိုင်ဝင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျောင်းသားလူငယ်ကလေးများအတွက် ပြုလုပ်ပေးခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်/သံ-၃ စောဝေါ်ကွောထူးက ကျောင်းသားလူငယ်ကလေးငယ်များ အားလပ်ချိန်တွင်အချိန်ကို အကျိုးရှိစွာအသုံးချတတ်ရန်၊ ဆေးရောင်ခြယ်သည့်အလေ့အကျင့်ရရှိလာရန်၊ အရောင်များကိုခွဲခြားတတ်စေရန်၊ စိတ်တည်ငြိမ်မှုရှိရန်နှင့် တွေးခေါ်စဉ်းစားတတ်လာ စေရန်ရည်ရွယ်၍ စွမ်းရည်ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ပြုလုပ်ရာ ကျောင်းသားလူငယ် ကလေးငယ်စုစုပေါင်း(၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်သူအားလုံးကို အမှတ်တရ ဆုလက်ဆောင်များအဖြစ် ဗလာစာအုပ်နှင့်ဘောပင်များပေးအပ်ခဲ့ကြောင်း သိရသည်။
စောဝေါ်ကွောထူး