ဘားအံ နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာ စောင်(၇၅၀)စောင်အား ကျောင်းသား/သူများ၊ ဆရာ/မများသို့ ယနေ့နံနက်ပိုင်းက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားရေးအားမာန်၊ လူငယ်တွေရဲ့အားမာန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၈-၁၁-၂၀၂၁ ရက်နေ့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာမှကောက်နုတ်ချက်၊ ကာတွန်းနှင့် သူ့ကျွန်မခံအမျိုးသားအားမာန်ကဗျာများ ပါဝင်ကြောင်း သိရသည်။
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဘားအံခရိုင်ရုံးဝန်ထမ်းများက အ-ထ-က(၂)ကျောင်းနှင့် အ-ထ-က (၅)ကျောင်းများတွင်အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)