မော်လမြိုင်ကျွန်းမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဥ်အား ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းနှင့် ၁၆ ကုတင်ဆံ တိုင်းရင်းဆေးရုံးအုပ် ဦးခိုင်ထွန်းဇော်တို့မှ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းနှင့် နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ပြီး အမျိုးသားပညာရေးကိုတောင်းဆိုခဲ့သည့် မြန်မာနိုင်ငံ၏ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုသမိုင်းတွင် အရေးပါသော လှုပ်ရှားမှုအကြောင်း၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နှင့် ဦးတည်ချက်များ၊ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က မြန်မာတစ်မျိုးသားလုံး အမျိုးသားရေးစိတ်ဓါတ် ထက်သန်နိုးကြားပုံ၊ အမျိုးသားရေး စိတ်ဓါတ်ထက်သန်ရန်အတွက် အဓိကလိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်အောင် (ပြန်/ဆက်)