သံတောင်ကြီး နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ ကျောင်းသူ/ကျောင်းသား၊ လူငယ်လူရွယ်များ အမျိုးသားအောင်ပွဲနေ့ပတ်သက်သည့် အကြောင်းအရာများသိရှိစေရန်နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးကိုသိရှိစေရန်ရည်ရွယ်ပြီး ယမန်နေ့နေ့လယ်(၂)နာရီအချိန်က (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ကို ရုံးရှေ့တွင်လည်းကောင်း စာအုပ်စာစောင်ပြပွဲကို (Community Centre) ခန်းမတွင် လည်းကောင်း ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အမျိုးသားနေ့ဒို့မမေ့၊ အမျိုးသားနေ့အကြောင်းပေါ်ပေါက်လာပုံ၊ တက္ကသိုလ်ကျောင်းသားများသပိတ်နှင့် အမျိုးသားနေ့၊ ဗြိတိသျှတို့ပြဌာန်းခဲ့သော ကျွန်ပညာရေးဥပဒေ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ တစ်မျိုးသားလုံးစည်းလုံးညီညွတ်ကြ၊ အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် စသည့်အကြောင်းအရာများပါဝင်ခဲ့သည်။
ဆက်လက်ပြီး စာအုပ်စာစောင်ပြပွဲကိုဆောင်ရွက်ရာ ကျောင်းနေအရွယ်ကလေးလူငယ်များ၊ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာဖတ်မှတ်လေ့လာကြကြောင်း သိရသည်။
စောမင်းသား