ကော့ကရိတ် နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်၊ ကော့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟု သုတများ ရရှိစေရန်၊ အမျိုးသားရေးစိတ်ဓာတ်ရှင်သန်တက်ကြွစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အမက(၁၃)အခြေခံပညာမူလတန်းကျောင်း၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိ ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိူင်းကြောင်း၊ ဗြိတိ သျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေများ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုကြသော ကျောင်းသားကြီး(၁၁)ဦးအကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ရေး သိကောင်းစရာတို့ကို အသိပညာပေးဆွေးနွေးခဲ့သည်။
ထိုနောက် ကျောင်းသူကျောင်းသားများကို (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။ ယင်းနောက် ကျောင်းသူကျောင်းသားများသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်းသိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)