သံတောင်ကြီးမြို့နယ်တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပြိုင်ပွဲများပြုလုပ်

သံတောင်ကြီး နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းတွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်၊ စာဖတ်စွမ်းရည်နှင့် ခုံလုတန်းပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြင့် ကလေးသူငယ်များ အမျိုးသားအောင်ပွဲနေ့အကြောင်းအရာဆိုင်ရာများသိရှိစေရန်၊ ဉာဏ်ပညာစွမ်းရည် အတွေးအခေါ်စွမ်းရည်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန် ယခုကဲ့ သို့ပြိုင်ပွဲများပြု လုပ်ပေးခြင်းဖြစ်ပြီး ကဗျာရွတ်ပြိုင်ပွဲတွင် အမျိုးသားနေ့ဒို့မမေ့ကဗျာအဖြစ် ကျောင်းသူ/ ကျောင်းသား(၆)ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၇)ဦး၊ ခုံလုတန်းပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၁၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးမှူးနော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ