ရှမ်းရွာသစ် နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ် မူလတန်းအဆင့် စာစီ စာကုံးပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက မြန်မာနိုင်ငံ ၏နေ့ထူးနေ့မြတ်များကို ကျောင်းသား/သူလေးများအနေဖြင့် အစဉ်အမြဲအောက်မေ့စေရန်၊ နေ့ထူး နေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှုအားကောင်းစေရန် ရည်ရွယ်ချက် များဖြင့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် "အမျိုးသား အောင်ပွဲနေ့တို့မမေ့" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် အမျိုးသားအောင်ပွဲနေ့ပုံတူပန်းချီ ဆွဲပြိုင်ပွဲ များကို ဆောင်ရွက်ပေးခဲ့ရာ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ သူ (၁၄)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ထက်/လယ်ဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲနှင့် ကာယ၊ ဉာဏစွမ်း ရည်ပြိုင်ပွဲများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)