ထားဝယ် နိုဝင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အဆင့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ထို့နောက် ကျောင်းသား/သူများ၏ ပါဝင်ယှဉ်ပြိုင်နေမှုကို ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထက်နောင်နှင့် ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲတွင် အထက်တန်းအဆင့်ကျောင်းသား/သူများက အမျိုးသားရေးနှင့် လူငယ့်အားမာန်ခေါင်းစဉ်ဖြင့်(၁၄)ဦး၊ အလယ်တန်းအဆင့်တွင် အမျိုးသားနေ့နှင့် လူငယ်တာဝန်ခေါင်းစဉ်ဖြင့်(၁၄)ဦး၊ မူလတန်းအဆင့်တွင် အမျိုးသားအောင်ပွဲတို့ဆင်နွှဲ ခေါင်းစဉ်ဖြင့်(၂၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)