မင်းလှမြို့နယ်တွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

အထက်မင်းလှ    နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်(၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာ အောင်ကိုဦး(UMK)ရေးသား‌သော "လူငယ်တွေ စဉ်းစားဖို့" စာအုပ်ဖြင့်  စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ရရှိစေကာ၊ စာပေအသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။  

ဆက်လက်၍ စာရေးဆရာ အောင်ကိုဦး(UMK)ရေးသား‌သော “လူငယ်တွေစဉ်းစားဖို့” စာအုပ်မှ “လူငယ်တွေစာဖတ်ဖို့” ခေါင်းစဉ်ဖြင့် ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းက ဆွေးနွေးရာတွင် လူငယ်တွေစာဖတ်ဖို့အတွက် စာဖတ်ခြင်းအလေ့အကျင့်ကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေး မှာဖြစ်ပြီး၊ စာအုပ်စာပေတွေရှိတဲ့ ပတ်ဝန်းကျင်တွေကို ဖန်တီးပေးရမှာဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဦးကျော်စိုးဝင်းနှင့် ကျောင်းသား/ကျောင်းသူများမှလည်း မိမိတို့ ထင်မြင်ယူဆချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)