လှိုင်းဘွဲမြို့နယ်တွင် (၁၀၂)မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြသ

လှိုင်းဘွဲ နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ အသိပညာပေးနံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့် အသိပညာဗဟုသုတ အလွယ်တကူရရှိစေရန်အတွက် လစဉ်အသိပညာပေးနံရံကပ်များကိုပြသလျက်ရှိရာ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အတွက် နံရံကပ်စာစောင်များပြသထားရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ပြည်သူများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ အသိပညာဗဟုသုတများရရှိစေရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေစဉ်မျိုးဆက်များ၊ ဗိုလ်ချုပ်ကိုချစ်ပါလျှင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များမှ စုပေါင်းလုပ်ကြမှအကျိုးရှိနိုင်မယ်၊ နည်းလမ်းစည်းကမ်းအတိုင်း လိုလားချက်တွေတောင်းပါ၊ ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်၊ ရှုံးရှုံးနိုင်နိုင် မလျှော့တမ်းလုပ်ဖို့ တိတိလင်းလင်းသတိပေးခဲ့တယ်၊ ကိုယ်ဝတ္တရားကိုယ်ကျေပွန်အောင် ထမ်းဆောင်စသည့်မိန့်ခွန်းများကို ပြည်သူများအနေဖြင့် သိရှိနိုင်စေရန်အတွက် ပြသထားရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)