မင်းလှ၌(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေးဟောပြော

မင်းလှ     နိုဝင်ဘာ   ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကျင်းပပြသရခြင်းအကြောင်းကို ကျောင်းသား/သူများအား အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍  “အမျိုးသားနေ့ဖြစ်ပေါ်လာပုံ" ခေါင်းစဉ်ဖြင့်  အလယ်တန်းအဆင့်စာစီစာကုံပြိုင်ပွဲကျင်းပခဲ့ရာ အ.မ.က(လွန်)ဇေယျဝတီမှ ကျောင်းသား/သူများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ၍ ဆုရရှိသူများကို ဆုများအသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းအပြင် နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်စာစောင်များခင်းကျင်းပြသထားရာ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများကလေးငယ်များ ဖတ်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ပေါက်စ (မင်းလှ)