ပုလောမြို့နယ်၌ (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲပြုလုပ်

ပုလော နိုဝင်ဘာလ ၁

ပုလောမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပုလောမြို့နယ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းယုမေက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်ခဲ့ပြီး ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးအရာရှိ ဒေါ်အေးအေးမော်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်းဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ဉာဏ်စမ်းပြိုင်ပွဲဝင် ကျောင်းသား/သူများကို တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားရှိ သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ် စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အေးအေးမော် (ပုလော)