သာပေါင်း နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အနှေးယာဉ်ဆိုက္ကားများ ရောင်ပြန်စတစ်ကာ တပ်ဆင်ထားရှိလိုက်နာ ဆောင်ရွက်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က လိုက်လံကြည့်ရှု စစ်ဆေးကြပ်မတ် ဆောင်ရွက်ကြသည်။
ထိုသို့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အနှေးယာဉ်ဆိုက္ကားများ၏ အချက်ပြ သတိပြု ရောင်ပြန်ပြားများ ရှေ့၊ နောက်တို့တွင် တပ်ဆင်အသုံးပြုထားရှိရေးတို့အတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်နှင့်ဝန်ထမ်းများက အနှေးယာဉ် ဆိုက္ကားအစီး (၉၀)တို့အား လိုက်လံကြည့်ရှု စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း