ကျွန်းစု နိုဝင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပနိုင်ရေး၊ ရုံး၊ ကျောင်း အနီးရှိ လမ်းဘေး ဝဲ၊ ယာ နှင့် အန္တရာယ်ရှိသစ်ပင်များ၊ ချုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းရေး၊ မြို့ပေါ်ရပ်ကွက်များအတွင်း ရေပြတ်လပ်မှုမရှိရေးအတွက် ရေစုကန်များအား အသုံးပြုနိုင်ရေးအတွက် ပြန်လည်ပြုပြင်ထိန်းသိမ်းထားရှိရေး၊ ရေပြတ်လပ်မှုများရှိပါက အဝီစိအတွင်းများမှတစ်ဆင့် ရေသယ်ကားများဖြင့် ရေဖြန့်ဝေပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရေး၊ ကာကွယ်ဆေးထိုးနှံရန်အခက်အခဲရှိသောကျောင်းများသို့ကွင်းဆင်း၍ ထိုးနှံပေးနိုင်ရေးနှင့် စသည်တို့ကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)