ကန့်ဘလူ နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆရ်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူမြို့ အမှတ်( ၂)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ကလေးအလုပ်သမားနှင့် ပတ်သက်၍ ပြောကြားရာတွင် ကလေးအလုပ်သမား ဆိုသည် ၎င်း၏ ကလေးဘဝ ရှေ့အလားအလာနှင့်ဂုဏ်သိက္ခါတို့ကို ကင်းမဲ့စေပြီး ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့်အလုပ်မျိုးကို လုပ်ကိုင်နေရသူကို ဆိုလိုကြောင်း၊ ယင်းအလုပ်မျိုးသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) စာရိတ္တပိုင်းဆိုင်ရာကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုး(သို့မဟုတ်)၎င်း၏ ပညာသင်ကြားရေးကို ထိခိုက်စေမည့် ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတိုင်မီ ကျောင်းမှ မဖြစ်မနေထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြန်းထန်လေးလံသော အလုပ်ကို အကြောင်း ကြောင်းကြောင့် အချိန်ကြာမြင့်စွာ လုပ်ကိုင်ရခြင်း စသည်တို့ကို ဆွေးနွေးပြောကြားပြီး၊ ခရိုင်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မိုးသန္တာအောင်က စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်စေရေး၊ သန့်ရှင်းစိမ်း လန်းသော အနာဂါတ်ဖြစ်စေဖို့၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို တစ်ထောင့်တစ်နေရာမှ ထိန်းသိမ်းကာကွယ် ဖို့ ၊သက်ရှိများ၏ဂေဟစနစ်များနှင့် လူတို့၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်စေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ် စာစောင်များကို ကျောင်းသူ၊ ကျောင်းသားများက စိတ်ပါဝင်းစားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)