သနပ်ပင်မြို့နယ်၌ ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်လှစ်

သနပ်ပင် ‌နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ယနေ့ နံနက်ပိုင်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အမှတ်(၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ပဲခူးရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်း ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ အဖွင့်အမှာစကားပြောကြားပြီး  အမှတ်(၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ပဲခူး)မှ  ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး ခင်မာဝင်းက ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်း ဖွစ်လှစ် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းသို့ သနပ်ပင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ ရပ်ကွက်ကျေးရွာများမှ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ စုစုပေါင်း အင်အား(၈၀)ဦး  တက်ရောက်ကြပြီး ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်းနှင့်ပတ်သက်၍  သိသင့်သိထိုက် သည်များ၊  အချက်အလက်များနှင့် ဆက်သွယ်ရမည့် နည်းလမ်းများကို  အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့  (ပဲခူး)က ရှင်းလင်း ပို့ချခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)