လပွတ္တာ နိုဝင်ဘာ ၁၄
လပွတ္တာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း (ပြည်ထောင်စု/တိုင်းဒေသကြီး) ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် လပွတ္တာမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းများအား ယနေ့နံနက် (၉)နာရီချိန်တွင် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲ (ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ)နှင့် လပွတ္တာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်အတွင်း (ပြည်ထောင်စု/တိုင်းဒေသကြီး) ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ပျဥ်ထောင်တွင်း-ဥက္ကံ-ကပြိုလမ်း၊ ပျဥ်ထောင်တွင်း-သပြုကုန်း-ဂန့်အိတ်လမ်း၊ ဂုံညှင်းတန်းကျေးရွာ ချောင်းကူးတံတားနှင့် လပွတ္တာ-မြောင်းမြကားလမ်းမှ ကျောက်ဖြူကျေးရွာသို့ ဆက်သွယ်သောလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို စစ်ဆေးပြီး အရည်အသွေး ကောင်းမွန်စေရေးနှင့် သတ်မှတ်စံနှုန်းများ ပြည့်မီအောင် ဆောင်ရွက်ရေး၊ သတ်မှတ်ကာလများတွင် လုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ လပွတ္တာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း (ပြည်ထောင်စု/တိုင်းဒေသကြီး) ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်း(၈)ခုရှိကြောင်း သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)