ဝါးခယ်မ နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ၌ ဆောင်းသီးနှံ (နေကြာ) စိုက်နည်းစနစ်ကွင်းသရုပ်ပြပွဲကို ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေလိန်ကျေးရွာအုပ်စု ရေတွင်းကုန်းကျေးရွာနေ တောင်သူဦးဝင်းမောင်၏ ကွင်းအမှတ် (၁၀၁၄-ခ)၊ ဦးပိုင် အမှတ် (၁၂/၂)ရှိ လယ်မြေတစ်ဧကတွင် နေကြာမျိုးစေ့ကို အနက်တစ်လက်မခွဲ၊ ပင်ခြားကိုးလက်မ၊ ၂ ပေတန်းသွား၊ မျိုးစေ့နှစ်စေ့ချ နည်းစနစ်ဖြင့် စိုက်ပျိုးရာ ဦးဝင်းမောင်အပါ တောင်သူ(၁၁)ဦး၏ လယ်မြေ (၁၁)ဧကတွင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆောင်းသီးနှံ(နေကြာ) စိုက်နည်းစနစ်ကွင်းသရုပ်ပြပွဲကို ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သိန်းထွန်းနှင့် ဝန်ထမ်း များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)