ကြံခင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကြံခင်း နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်းပြီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး၊  မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ (ထက်၊ လယ်၊ မူ)ကျောင်းသား/သူများ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပနိုင်ရေးနှင့် ဆုချီးမြှင့်ပေးအပ်နိုင်ရေးအားလည်းကောင်း၊ ၂၀၂၂ခုနှစ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ နိုင်ရေးနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးနှင့် အခြေခံပညာ(အ ထ က) ကျောင်းများမှ ဆရာကြီး၊ ဆရာမကြီးများက (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲ၊ ရွှင်ပွဲ၊ ပြိုင်ပွဲများ ကျင်းပဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီးလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီအဖွဲ့ အတွင်းရေးမှူး ဒေါ်သိမ့်သိမ့်နွေးနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနေလင်းတို့က ၂၀၂၂ခုနှစ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်လှစ်ကျင်းပနိုင်ရေးနှင့် ပတ်သက်ပြီး လိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)