သရက်ချောင်းမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

သရက်ချောင်း  နိုဝင်ဘာ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို သရက်ချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ သိကောင်းစရာများအကြောင်း၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ ဟောပြောပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် စသည့်အကြောင်းအရာများကို ကျောင်းသား/သူများ သိရှိနားလည်စေရန် အကျယ်တဝင့် ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းခြင်း၊ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သားကြီး(သရက်ချောင်း)