ရေဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု‌ မွေးမြူ‌ရေးနှင့်ကုသ‌ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ရေဖြူ နိုဝင်ဘာ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဘဝမြှင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုအား တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှာဖွေနိုင်ရန် ရည်ရွယ်၍  ယနေ့နံနက် ၁၀ နာရီအချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု‌မွေးမြူရေးနှင့် ကုသရေးလုပ်ငန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ကျေးလက်ဒေက ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ထားဝယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထက်အောင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လင်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း‌ပြောကြားသည်။

ထို့နောက် မှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း မွေးမြူရေးနှင့် ကုသရေးသင်တန်းကို  နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ပို့ချသင်ကြားပေးမည်ဖြစ်ပြီး တက်ရောက်သူ သင်တန်းသား/ သူဦးရေ (၁၅ ) ဦးရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထားဝယ်ခရိုင် ဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား/သူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခတ္တာ