ဒေးဒရဲ နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များ သိရှိနိုင်စေရန်နှင့် နိုင်ငံတာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူများ အချင်းချင်း ရင်းနှီးချစ်ခင်မှုများ ပိုမိုတိုပွားလာစေရန်အတွက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားနှင့် ဥာဏပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာ ဌာနများအလိုက် ဆောင်ရွက်မည့် အခြေအနေများနှင့် လိုအပ်ချက်များ တင်ပြရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုနောက် တက်ရောက်လာသော ဌာနဆိုင်ရာများက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မည့် အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရေး အမျိုးသားနေ့နှင့် ပတ်သက်သည့် အချက်အလက်၊ မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသမည့် လုပ်ငန်းများကို တင်ပြဆွေးနွေးရာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က လိုအပ်ချက်များ မဖြစ်ပေါ်စေရေး ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း