ကြာအင်းဆိပ်ကြီး နိုဝင်ဘာ ၁၄
ကိုဗစ်-၁၉ ရောဂါအလွန် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ် ငန်းများ လုပ်ကိုင်လျက်ရှိသည့် ဒေသခံပြည်သူများအား မျိုးကောင်းမျိုးသန့် တိရစ္ဆာန်(ဝက်နှင့်ဆိတ်)များအား ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့နံနက် ၁၀နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ် အမှတ် (၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါမျိုးကောင်းမျိုးသန့် တိရစ္ဆာန်(ဝက်နှင့်ဆိတ်)အား ထောက်ပံ့ပေးအပ်ခြင်း၌ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်နုမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါတာစိုးလွင်က ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ အလွန် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဒေသခံပြည်သူများအား မျိုးကောင်းမျိုးသန့် (ဝက်နှင့်ဆိတ်)အား ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပြည်သူများအနေဖြင့် အလေးအနက်ထားကာ ရှင်သန်ကြီးထွားပြီး တိုးပွားအောင်မြင်ဖြစ်ထွန်းအောင် မွေးမြူနိုင်စေဖို့အတွက် ရှင်းလင်းပြောကြားသည်။
ထို့နောက်တာဝန်ရှိသူများမှ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ဒေသခံပြည်သူများအား မျိုးကောင်းမျိုးသန့် (ဝက်နှင့်ဆိတ်) အား ထောက်ပံ့ပေးအပ်သည်။ အဆိုပါမျိုးကောင်း မျိုးသန့်(ဝက်နှင့်ဆိတ်)အား ကရင်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ပြည် နယ် ဘတ်ဂျက်ဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ အမှတ်(၆) ရပ်ကွက်၊ မင်္ဂလာကုန်းကျေးရွာ၊ ခလယ်ကျေးရွာနှင့် ဘုရားသုံးဆူမြို့မှ ဝက်မွေးမြူသူ(၁၀)ဦး၊ ဆိတ်မွေးမြူသူ(၁၀)ဦးတို့အား ဝက်သားပေါက် အကောင်(၂၀)ကောင်၊ ဆိတ်သား ပေါက် အကောင်(၂၀)ကောင် စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်း(၇၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)