(၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး

စစ်ကိုင်း နိုဝင်ဘာ ၁၄

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂)နှစ်မြောက်၊ အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နေ့ပိုင်းကျောင်းဆင်းချိန်က စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများအား စစ်ကိုင်းခရိုင် ပြန်/ဆက် ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ ကြကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက်၊ အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ သူ့ကျွန်မခံ အမျိုးသားအားမာန်၊ နိုင်ငံဘက်စုံ ဖွံ့ဖြိုးဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့၊ အမျိုးသားရေးအားမာန်၊ လူငယ်တွေရဲ့ခေတ်၊ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်ရှိရန် အထူးလိုအပ်၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်ကြီး တည်ဆောက်အံ့၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုကြသော ကျောင်းသားကြီး(၁၁)ဦး စသည့်အကြောင်းအရာများ ပါဝင်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ၊ အသိပညာဗဟုသုတများရရျိစေရန် နေ့ထူး/နေ့မြတ်ကြီးတွေမှာ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ သုတ/ရသ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ Talk Show များကျင်းပဆောင်ရွက်ခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်း တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်