ပလောက်မြို့၌ (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကျင်းပ

ပလောက်   နိုဝင်ဘာ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်နှင်းမြူလွင်က အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ချိုချိုဌေးက အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အမျိုးသားအောင်ပွဲနေ့ကို မမေ့လျော့စေရန်၊ အမျိုးသားရေးစိတ်ဓာတ်များ ရင်ထဲတွင် ထာဝစဉ်ကိန်းအောင်းနေစေရန် အရေးကြီးကြောင်းစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အမျိုးသားနေ့များနည်းတူ အခြားနေ့ကြီးရက်ကြီးများနှင့် ပြည်သူများ သိသင့်သိထိုက်သည့် အသိပညာပေးအကြောင်းအရာများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များကို ချိတ်ဆက်၍ Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်  (ပလောက်)