ကရသူရိ နိုဝင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့မွန်းတည့် ၁၂ နာရီက (၁၀၂) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်စာအုပ်/စာစောင်များနှင့် နံရံကပ်ဘုတ်တို့ကို ပြသခဲ့သည်။
နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိပြီး စည်းလုံးညီညွတ်ကာ ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ပြသခြင်းဖြစ်ရာ အဆိုပါ ပြပွဲတွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်/စာစောင်များ၊ သုတ/ရသ၊ မဂ္ဂဇင်းနှင့် အထွေထွေဗဟုသုတစာအုပ်များ၊ နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများနှင့် နံရံကပ်ဘုတ်တို့ကို ပညာပေးပြသခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)