နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ပုံပြောပြိုင်ပွဲကျင်းပ

နတ်မောက် နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအအမှတ်အကြို စာစီစာကုံးနှင့် ပုံပြောပြိုင်ပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများအား အသိပညာဗဟုသုတမြင့်မားစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အမျိုးသားအောင်ပွဲနေ့ကို မမေ့မလျော့ သတိရစေရန်ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးနေဇော်ဟိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကို၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမျိုးတင့်နှင့် ဆရာ/မများနှင့် အကဲဖြတ်ဒိုင်လူကြီးမင်းများ တက်ရောက်ခဲ့ကြပြီးပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်းများနှင့် အ.လ.က(တမာပင်)ကျောင်းမှ ကျောင်းသား/သူ(၅၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသည့် ကျောင်းသား/ သူများအား (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်။

လှဝင်း