သာယာဝတီမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သာယာဝတီ နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မာရသွန်ပြိုင်ပွဲ၊ အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကျား/မ မီတာ(၁၀၀)၊ မီတာ(၂၀၀) အပြေးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီး‌ကော်မတီ၊ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးနှင့် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ရေး ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ခေါက်ညွှန်ကြားရေးမှူး ဒေါ်သူဇာအောင်က     (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မည့် အစီအစဉ်များနှင့် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်နိုင်ရေး ဆွေးနွေးခဲ့သည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် ခရိုင်အတွင်းရှိမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ရပ်ကွက် အုပ်ချုပ်‌ရေးမှူးများက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ‌နေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေးအတွက် အကြံပြု ဆွေးနွေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး‌ပြောကြား ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)