သရက်ချောင်း နိုဝင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၁၃၈၄ခုနစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအသိပညာပေး(Talk show)ကို ယနေ့နံနက် ၁ ၁နာရီအချိန်က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ နှစ်စဥ်အခမ်းအနားကျင်းပရခြင်း၏ သမိုင်းကြောင်းနှင့် အသိပညာပေး(Talk show)ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်အေးနွယ်ဝင်းက အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်း ကြောင်း၊ ပြည်သူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ကို မမေ့လျော့စေရန်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်း သား(၁၁)ဦးအကြောင်း၊ အမျိုးသားပညာရေးအကြောင်း စသည့်အကြောင်းအရာများဖြင့် အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပြီး အဆိုပါအသိပညာပေးလုပ်ငန်းများကို အများပြည်သူများသိရှိစေရန် သရက်ချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook pageနှင့် We Love Thayetchaung Facebook page စသည့် Online page မှတစ်ဆင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)