(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မြိတ် စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ်ကွက်ရှိ လှည်ဘီးပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့ နံနက်ပိုင်းက မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များက (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်  စုပေါင်း သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်  စာသင်တိုက်အတွင်း ချုံနွယ်များ၊ ပေါင်းမြက်များကို ဓား၊ ပေါက်တူး၊ မြက်ဖြတ်စက်များဖြင့် ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး အမှိုက်များကို စည်ပင်သာယာ ရေးအဖွဲ့ အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်းဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးကို မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယရဲမှူးကြီး ကျော်မိုးသက် ဦးဆောင်၍ ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲတပ်ဖွဲ့စခန်း၊ လေကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ မူးယစ် (အထူး)ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေးရဲတပ်ဖွဲ့တို့မှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)