သဲကုန်း နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး အစဉ်အမြဲအောက်မေ့ တမ်းတသတိရစေရန်နှင့် မိမိတို့နိုင်ငံ၏နေ့ထူးနေ့မြတ်များကို အလေးထားမြတ်နိုးတတ်စေရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှ ဦးထက်ပိုင်မင်း(ကိုပိုင်-သဲကုန်း)မှ အမျိုးအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်း၊ ရန်ကုန်ယူနီဗာစီ တီအက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးအကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်ရှိဖို့အရေးကြီးပုံ၊ လိုက်နာကျင့်သုံးသင့်သော မျိုးချစ်စိတ်ဓာတ်အကြောင်းတို့ကို ဟောပြေ ာခဲ့သည်။
ထို့နောက်တက်ရောက်လာသော အ.ထ.ကသဲကုန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်၊ မသန်စွမ်းသူများ၏ အခွင့်အရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ အိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး