လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အားကစားပြိုင်ပွဲနှင့်အသိပညာပေး နံရံကပ်စာစောင်ပြသ

လှိုင်းဘွဲ    နိုဝင်ဘာ  ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကျောင်းသူများ ကာယ၊ဉာဏ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားကစားပြိုင်ပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Cntre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများ ကာယ၊ဉာဏ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်တတ်စေရန်အတွက် ဘောလုံးဖေါက်ပြိုင်ပွဲ၊ ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ သိရှိရမည့်အချက်များအား သိရှိပြီး ရှောင်ရှားနိုင် ရန်အတွက်  ကျောင်းတက်ရန် အခွင့်အလမ်းများ ရွေးချယ်နိုင်မှု မရှိခြင်း၊ အချိန်မတန်မီ ကျောင်းမှ မဖြစ်မနေထွက်ရခြင်း၊ ကျောင်းတက်ချိန်နှင့်အတူ ပြင်းထန်လေးလံသော အလုပ်ကိုအကြောင်းကြောင့် အချိန်ကြာမြင့်စွာ လုပ်ကိုင်ရခြင်း၊  စသည့် ကလေးအလုပ်သမား၏  အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဘေးအန္တရာယ်ကျရောက်နေသာ ကလေးအလုပ်သမားများ၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊  အသက်ကန့်သတ်ချက်၊ အက် ဥပဒေ စသည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို ကျောင်းသား၊ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)